လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီကျင်းပမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီကျင်းပမည်

12


MNP - ဇူလိုင်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ လောကနန္ဒာစွယ်တော်မြတ်စေ တီတော်ကြီး၏ ၉၅၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါခေါင်လဆန်း ၂ ရက်နေ့ ဇူလိုင် ၂၉ ရက်နေ့မှ ဝါခေါင်လဆန်း ၆ ရက်နေ့ထိ၊ ဆရာတော် သံဃာတော်များမှပဌာန်း ရွတ်ဖတ်ပူဇော်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီကျင်းပသွား မည်ဖြစ်ကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦး ထံကသိရသည်။


ညောင်ဦးမြို့ စွယ်တော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော လောကနန္ဒာစွယ်တော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခဲ့သည့်နှစ်မှ စတင်ကာ မြန်မာပြည်အရပ်ရပ်မှလှူဒါန်းသည့် ဆွမ်းသပိတ်လုံးများအား ကျောင်းတိုက် အသီးသီးသို့ လောကနန္ဒာစွယ်တော်မြတ်စေတီကြီး ဂေါပကအဖွဲ့တာဝန်ရှိသူများမှလိုက် လံကပ်လှူခဲ့ ကြောင်းသိရသည်။ ယခုနှစ် ၉၅၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဆွမ်းသ ပိတ်လုံးလောင်းလှူခြင်းအား ဝါခေါင်လဆန်း ၈ ရက်၊ ဩဂုတ် ၄ ရက်နေ့တွင် ပင့်သံဃာ ၂၅ ပါးအား ဘုရားကြီးရင်ပြင်တွင် လောင်းလှူပူဇော်မည်ဖြစ်ကာ ကျန်ရှိဆွမ်းသပိတ်လုံး များအား ကျောင်းတိုက်အသီးသီးသို့ ဆက်လက်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်းသိရပြီး မြန်မာ ပြည်အရပ်ရပ်မှ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၀ ကြိမ်‌ မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးလှူဒါန်းလိုပါက လောကနန္ဒာဘုရား ကြီး ဂေါပကအဖွဲ့နှင့် ဂေါပကအတွင်းရေးမှူး ဖုံး ၀၉၄၀၂၅၀၀၃၈၂ သို့ဆက် သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages