ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေးဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေးဆွေးနွေး


34


MNP - ဇူလိုင်   ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းကသောင်ကြီးကျေးရွာ၊ ဘင်္ဂကျေးရွာတို့တွင် ကျေးရွာဘက်စုံသုံးခန်းမတို့၌ ပြုလုပ်ခဲ့သည်။


အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဗိုလ်မှူးကျော်ညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးကြိုင်က ဌာနဆိုင်ရာများမှ မိမိဌာနနှင့်ပတ်သက်သည်များကို အသိပညာပေးပြောသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စိုက်ပျိုးမည်ဆိုပါက သီးထပ်၊ သီးညှပ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသောဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages