ကျောက်ဆည်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ဆည်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

48


MNP - ဇူလိုင်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်လွဲ (၁)နာရီက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနီထွန်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး အောင်မင်းစိန်က ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် လူ့ဘဝအညွှန့်တုံး ရုံမျှမက အသက်ဆုံးရှုံးရသည်အထိ ကောင်းကျိုးမရှိသည့် မူးယစ်ဆေးဝါးများ မသုံးစွဲမိကြစေရန်နှင့် သုံးစွဲမိသူများ၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ ရှောင်လေဝေးဝေးမူးယစ်ဆေးဆိုသည့် အတိုင်း မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများကို မိမိတို့၏မိသားစုဝင်များ၊ ပတ်ဝန်းကျင်မိတ်ဆွေ သူငယ်ချင်းများအား ထပ်ဆင့်မျှဝေခြင်းဖြင့် မူးယစ်ကင်းစင်ပြီး သာယာပျော်ရွှင်သည့်မိသားစုများ ပိုင်ဆိုင်ကြမှာဖြစ်ကြောင်း အသိပညာပေးဟောပြော ခဲ့သည်။


ထို့နောက် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်နိုင်ထွေးက လူကုန်ကူးခံရသူများသည် လုပ်ခ လစာ လိုသည်ထက် ပို၍လိုချင်တက်မက်သည့် လောဘစိတ်ဖြစ်ကြောင်းနှင့် လူကုန်ကူးခံရနိုင်သည့် အကြောင်းအရင်းများကို အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူက ယာဉ်အမျိုးစားများအကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသည့် ပြည်သူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages