အင်းစိန်မြို့နယ်၌ သဘာဝရေပြင်လှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အင်းစိန်မြို့နယ်၌ သဘာဝရေပြင်လှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

50


MNP - ဇူလိုင်   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင်အတွင်း ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ငါးရိက္ခာဖူလုံပြည့်ဝစေရန် ရည်ရွယ်၍ သဘာဝရေပြင်လှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲ စိုက်ထည့်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းကမ်းနားရှိ လှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့သည်။


ငါးမျိုးစိုက်ထည့်ရာတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်၊ ခရိုင်ဦးစီးဌာနမှူး ဦးလေးနိုင်၊ အင်းစိန်မြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သုခလှိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်နိုင်လင်းနှင့် မြို့နယ်ငါးမျိုးစိုက်ထည့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝရေပြင် လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲကို ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Pages