မြို့တွင်းရေကြီးရေလျှံမှုမရှိစေရေးအတွက်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြို့တွင်းရေကြီးရေလျှံမှုမရှိစေရေးအတွက်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

 

5


MNP - ဇူလိုင်  ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အတွင်း ရေကြီးရေလျှံမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဝင်များသည် အမှတ် ၄ ရပ်ကွက်ရှိ လမ်းသွယ်များနှင့် လွိုင်လင်မြို့၏ အဓိက ရေမြောင်းများအား အမှိုက်များရှင်းလင်းခြင်း၊ မြောင်းဖော်ခြင်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ ရေမြောင်းများအား အမှိုက်များရှင်းလင်းခြင်း၊ မြောင်းဖော်ခြင်းများဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယာရေးဌာနမှ ( 5 ton excavator ) တစ်စီး ကူညီဆောင်ရွက်ပေးခဲ့ပြီး အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိဘပြည်သူများမှ ဆီနှင့် operotor ကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အယ်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages