အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့်တစ်လုံးထိုး အင်ဂျင်(ဒီဇယ်)ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်းအမှတ်စဉ် (၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့်တစ်လုံးထိုး အင်ဂျင်(ဒီဇယ်)ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်းအမှတ်စဉ် (၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

10


MNP - ဇူလိုင်   ၃၀


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် တစ်လုံးထိုးအင်ဂျင် (ဒီဇယ်)ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်းအမှတ်စဉ်(၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြိုနယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများ၊ သင်တန်းနည်းပြနှင့်သင်တန်းသား(၂၅)ဦး၊ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းတွင် စာတွေ့(၁၂)ချိန်၊ လက်တွေ့(၂၁)ချိန်၊ ဆန်းစစ်ချက်(စာတွေ့)(၄)ချိန်၊ ဆန်းစစ်ချက်(လက်တွေ့) (၃)ချိန် စုစုပေါင်း (၄၀)ချိန်ကို သင်တန်းကာလ ရက်သတ္တပတ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။


သတင်း - လင်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages