နည်းပညာတက္ကသိုလ်(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နည်းပညာတက္ကသိုလ်(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်



26


MNP - ဇူလိုင်   ၂၂


မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ် သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင်  ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နည်းပညာ တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့်ပညာရေးကို အထူးအလေးထားသင်ကြားကြရန် လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ကြရာ၌ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည်ပညာအပေါ်တွင် အဓိကမှီတည်နေသည့်အတွက် ပညာတတ်များပေါများအောင် ကြိုးစားကြရန်ဖြစ်ကြောင်း၊ကျောင်းသား/သူများ အင်ဂျင်နီယာ ဘာသာရပ်များကို သင်ယူလေ့လာကြမည့် နည်းပညာတက္ကသိုလ်(မော်လမြိုင်)သည် အစဉ် အလာကြီးမားသည့် ပြည်နယ်ဂုဏ်ဆောင် တက္ကသိုလ် တစ်ခုဖြစ်ပြီး နိုင်ငံ့အကျိုးပြု အင်ဂျင်နီယာကောင်းများ ပေါ်ထွက်စေရေး ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့သည်။


ထို့နောက် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းဇော်အောင်က နည်းပညာတက္ကသိုလ်၌ တက်ရောက်သင်ကြားကြမည့် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသား/သူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် တေးသီချင်း ဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။


ထိုနောက်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/သူများအားသံယံဇာတရေးရာ ဝန်ကြီးဦးအောင်ကြည်သိန်းက ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီး အားကစားပစ္စည်းများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးမှပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages