မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ


44


MNP - ဇူလိုင်   ၂၃     


မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မကွေးမြို့၊ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ မကွေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးမောင်ထူးက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက် မြက်လာသည့်အပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာ တွင် အနုသုခုမဂီတ ပညာဖြင့် တတတ်တအား ပါဝင်လက်တွဲ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲတွင် မကွေးခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အသီးသီးမှ ဝါသနာရှင်များ၊ ပညာရှင်များဖြင့် ခရိုင်အဆင့်ပြိုင်ပွဲအား ပဏာမယှဉ်ပြိုင်ရခြင်း ဖြစ်ပါကြောင်းနှင့် အမှန်တကယ်အရည်အချင်းရှိပြီး ခရိုင်အားကိုယ်စားပြုမည့် ပညာရှင် ရွက်ပုန်းသီးများ အား ရွေးချယ်ဖော်ထုတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။


ဆက်လက်၍ မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် မကွေးခရိုင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအနေဖြင့် အခြေခံပညာအဆင့် အသက်(၁၀) နှစ်မှ (၁၅)နှစ်အထိ အမျိုးသမီးပင်တိုင် အကများဖြင့် မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်ကပြ ခဲ့ကြကြောင်း သိရသည်။   


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages