စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကန်သာယာကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကန်သာယာကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

57


MNP - ဇူလိုင်   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်ဝန်းကျင်နှင့် မြို့ရာပြည့်စေတီတော်တို့အား သန့်ရှင်းသာယာသပ်ရပ်စေရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေရာတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ကန်သာယာကန် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြည်ထောင်စုဈေးတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ၁၇.၂၅ ဧကမြေပေါ်တွင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေရှိ ဈေးဆိုင်ခန်း - ၁၃၆၀ ခန်း၊ ကြီးကြပ်ရေးရုံး၊ သန့်စင်ခန်းများနှင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သက်မှတ်ကာလတွင် အချိန်မီပြီးစီးရေးတို့အားမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်  များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဈေး ဆောက်လုပ်မည့် မြေနေရာပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာညဈေးတန်း တည်ဆောက်မည့် မြေနေရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာ ညဈေးတန်း ဈေးဆိုင်ခန်း အလျား ၈ ပေ၊ အနံ ၁၀ ပေ၊ ဈေးဆိုင်ခန်း - ၃၀၈ ခန်းနှင့် ဈေးအတွင်းလျှောက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ သန့်စင်ခန်းများ ဆောက်လုပ်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကွန်ကရစ်ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages