ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လွှမ်းခြုံနိုင်ရေး Booster (Covishield)အား အရှိန် အဟုန်မြှင့် ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လွှမ်းခြုံနိုင်ရေး Booster (Covishield)အား အရှိန် အဟုန်မြှင့် ဆက်လက်ထိုးနှံ


98


MNP - ဇူလိုင်   ၂၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၆.ရ.၂၂ရက်နေ့ ယမန်နေ့နံနက် ၀၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝင်း အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရန်ကင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ လွှမ်းခြုံနိုင်ရေး ကာကွယ်ဆေးကို အရှိန်အဟုန်မြှင့် ထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်း တာခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages