MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ပေါက်တောမြို့နယ်အတွင်းရှိ သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုသည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေး Booster Doseကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်း(၁၀)ဦး၊ ပြည်သူလူထု(၂၇၉၀)ဦး စုစုပေါင်း(၂၈၀၀)ဦးတို့ သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင်လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment