မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများတွင် ပါဝင်သောသူများအား စတုတ္တအကြိမ်မြောက် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများတွင် ပါဝင်သောသူများအား စတုတ္တအကြိမ်မြောက် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

11


MNP - ဇူလိုင်   ၃၀


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  သုံးကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား သတ်မှတ်နေရက်များအလိုက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက  စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္တအကြိမ်မြောက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နိုင်ငံဝန်ထမ်း ၁၈၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ပညာရေးဝန်ထမ်း ၃၈၉ ဦး၊ ပြည်သူနှစ်ဦး စုစုပေါင်း ၆၀၈ ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်နေ့ထိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္တအကြိမ်မြောက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံ ပြီးစီးသူ ၈၇၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages