MNP ၊ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့သာသနာ့ဗိမာန်တော်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုအား လှည့်လည်ကြည်ညိုအားပေးသည်။
ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကြွရောက် တော်မူကြသော စစ်တွေမြို့ပေါ်မှ ထေရ်ကြီး၊ ဝါကြီး ဆရာတော် ကြီးများအား လှည့်လည် ကြည်ညို ဖူးမြော်ပြီး အဖျော်ရည်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများက စာရင်းဇယားကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက် ပေးကြပြီး ပုံမှန်အနေအထားရှိမှသာကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင် လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြု ကြောင်းသိရ သည်။
စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊သံဃာ၊သာမဏေများနှင့် သီလ ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်း အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရဟန်း၊ သာမဏေနှင့်သီလရှင် များကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment