တာမွေမြို့နယ်အတွင်းရှိ ပြည်သူတစ်သောင်းလေးထောင်ကျော်အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တာမွေမြို့နယ်အတွင်းရှိ ပြည်သူတစ်သောင်းလေးထောင်ကျော်အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

96


MNP - ဇူလိုင်   ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိပြည်သူ (၁၄၃၆၁) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။


ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


“ကိုဗစ်-၁၉ ရောဂါကို ဗီဇပြောင်းမျိုးကွဲတစ်ခုအနေနဲ့ ပြန်လည်တွေ့ရှိလာတဲ့ အခုလိုအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ပြည်သူတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလိုထပ်ဆောင်းကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေက ရာခိုင်နှုန်းနည်းတဲ့အတွက် လာရောက် ထိုးနှံဖြစ်တာပါ။ နောက်တစ်ခုက ကိုယ်ကဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆစွာမနေဖို့ပါ။ အရင်လို အိမ်အပြင်ထွက်တိုင်း ပါးစပ်/နှာခေါင်းစည်း တပ်ပါ။ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းနှင့် အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုလက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ ဆေးကြောကြပါ။ နေ့စဉ် မိမိတို့ရဲ့ လူနေမှုဘဝမှာ ကျန်မာရေးနှင့်အညီ နေထိုင်သွားလာစားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု တာမွေမြို့နယ်အတွင်းနေထိုင်သူ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးသည့်ပြည်သူ (၁၄၃၆၁) ဦးအထိ ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ အကြိမ်ပြည့်ထိုးနှံရန် ကျန်ရှိနေသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ နေသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့်မှတ်ယူပြီး တိကျစွာဆက်လက်လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်လျက်ရှိ ကြောင်း သတင်းရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages