ကော့သောင်းမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကော့သောင်းမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

 

9


MNP - ဇူလိုင်   ၂၀


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက  တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းက  အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစား နှစ်ကြိမ်ထိုးနှံပြီးထားသူများကို  ထပ်မံ၍ Covaxin ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစား နှစ်ကြိမ် ထိုးနှံပြီးထားသူများကိုမှု အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ကာကွယ်ဆေး Booster (ထပ်ဆောင်ထိုးနှံမှု) လုပ်ငန်းများကို ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ မြို့နေပြည်သူများကို ရပ်ကွက် အလိုက် အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages