မရမ်းကုန်းမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မရမ်းကုန်းမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံ


69


MNP - ဇူလိုင်  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံ၊ ရန်ကြီးအောင်ဓမ္မာရုံ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံပေးကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်   ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး မှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages