ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster များ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster များ ဆက်လက်ထိုးနှံပေး

 

90

MNP - ဇူလိုင်   ၂၇


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် အသက်၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်နှင့် Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် မူကြိုကျောင်းဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose အား ယနေ့အထိ ၁၂၂၂ ဦးအထိ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာ‌‌ရေးဌာနမှ သိရသည်။


သတင်း - ကျော်သူရ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages