ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၇၄၅)ဧကမှ ထွက်ရှိသောသီးနှံများ ရာသီမရွေး လွယ်ကူစွာ သယ်ယူနိုင်ရေး ကုန်ထုတ်လမ်းနှင့် Box Culvrt တံတားတစ်စင်း ဆောက်လုပ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၇၄၅)ဧကမှ ထွက်ရှိသောသီးနှံများ ရာသီမရွေး လွယ်ကူစွာ သယ်ယူနိုင်ရေး ကုန်ထုတ်လမ်းနှင့် Box Culvrt တံတားတစ်စင်း ဆောက်လုပ်ပေး

 

24


MNP - ဇူလိုင်  ၁၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအလိုက်လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သာစည်ကျေးရွာ၌ သီးနှံမျိုးစုံ (၇၄၅)ဧက မှထွက်ရှိသော  သီးနှံမျိုးစုံရာသီမရွေးလွယ်ကူစွာ သယ်ယူနိုင်ရေး ကုန်ထုတ်လမ်းနှင့် Box Culvrt တံတားတစ်စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။


လုပ်ငန်းများဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂၈.၃၀၀၀)သန်း အကုန်အကျခံပြီး ရွှေခြံမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူကာ အလျား(၂)မိုင် (၄)ဖာလုံ၊  အကျယ်(၁၂)ပေ၊ မြေထု (၂)ပေ၊ ဂျင်းကျောက်ထု(၉)လက်မ ကုန်ထုတ်လမ်းဖောက်လုပ်ပေးခြင်းနှင့် Box Culvrt တံတားတစ်စင်း ဆေက်လုပ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ၊ ဦးစီးအရာရှိ (နည်းပညာ)တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကုန်ထုတ်လမ်းနှင့် Box Culvrt တံတားဆောက်လုပ်ပြီးစီးသွားပါက စိုက်ပျိုးမြေဧက(၇၄၅)မှ ထွက်ရှိသော သီးနှံမျိုးစုံအား ရာသီမရွေး ကုန်ကျသရိတ်သက်သာစွာဖြင့် သယ်ယူနိုငတော့မည်ဖြစ်ကြောင်းနှင့် သာစည်ကျေးရွာမှ အိမ်ခြေ(၂၁၇)အိမ်၊ လူဦးရေ(၉၉၃)ဦးတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ

No comments:

Post a Comment

Donate and Support

Pages