မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံ

70


 MNP - ဇူလိုင်   ၃၀


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီမှစတင်ကာ ထမ္မရာဇရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထို့နောက်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီသန်း ဦးဆောင်သောအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး covishield ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာဌာနများမှ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages