မိုးနဲမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် DU-12 စပါးမျိုး ကွင်းသရုပ်ပြစိုက်ပျိုး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုးနဲမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် DU-12 စပါးမျိုး ကွင်းသရုပ်ပြစိုက်ပျိုး

 

25


 MNP - ဇူလိုင်  ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် DU-12 မိုးစပါးကို တိုက်ရိုက်အစေ့ချ ကိရိယာ ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု (ဆီဆုံ)ကျေးရွာ တောင်သူ ဦးသန်းထွန်း၏ လယ်မြေနေရာ၌ ယနေ့နံနက် ၇ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


DU-12 မျိုးစပါးကို တိုက်ရိုက်အစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် စပါးမျိုးကို နှစ်ရက်ကြာရေစိမ်၍ အညှောင့်ဖောက်ထားသော မျိုးစပါးစေ့၏အစာပါးစပ်ပြူချိန်တွင် လယ်မြေအတွင်းသို့ တိုက်ရိုက်အစေ့ချစိုက်ပျိုးရကြောင်း၊ အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအားဖြင့် အချိန်ကုန်သက်သာခြင်း၊ ပျိုးနုတ်ခြင်းနှင့် ရွေ့ပြောင်းစိုက်ပျိုးမှု သက်သာခြင်း၊ အလုပ်သမားရှားပါးမှု အခက်အခဲများကို ပြေလည်စေပြီး လုပ်အားခ သက်သာခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိသဖြင့် စပါးစိုက်ပျိုးသူတောင်သူများ အနေဖြင့် စိတ်ပါဝင်စားမှု ပိုမိုများပြား လာကြောင်း သိရသည်။


မိုးနဲမြို့နယ်အတွင်း မိုးစပါး(လယ်)ကို ၉၅၉၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၅၀၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ DU-12 မျိုးစပါး တိုက်ရိုက်အစေ့ချကိရိယာဖြင့် ဧက ၂၀ စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages