MNP - ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် EID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ထည့်သွင်းခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းကိုယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ယခုလာမည့် ရွေးကောက်ပွဲ၌ မဲစာရင်းပြုစုရာ၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်း မပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ကိုပါအခြေခံစာရင်း အဖြစ်အသုံးပြုပြီး အပြန်အလှန်စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားများတစ်ဦးချင်း ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းခြင်းဖြစ်၍ ဂရုတစိုက်ဆောင်ရွက်စေလိုကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအချင်းချင်း စည်းလုံးစွာ ဆောင်ရွက်ပေးစေလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒု-လ.ဝ.ကမှူး ဒေါ်ရတနာ၊ ဒေါ်အိမွန်စိုးနှင့် ဒုလက်ထောက် (ကွန်ပျူတာ)မှူး ဒေါ်ဇွန်ပွင့်ဖြူတို့က ဌာနဆိုင်ရာ သင်တန်းသား/သူ(၁၅)ဦးတို့ကို အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - လှဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment