မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော





MNP ၊ ဇူလိုင်   ၁ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့်လေ့ကျင့် ရေး ဦးစီးဌာန ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်(၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ အမျိုး သမီးများနေ့ အထိမ်းအမှတ် အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ  အသိပညာ ပေး ဟောပြောခြင်းကို ယနေ့ နေ့လည် ၁၂  နာရီအချိန် အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ  အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ အမှာစကားပြောကြားပြီး မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် က အကြမ်းဖက်မှု  ကိစ္စရပ်များ ၊  လက်ရှိမြန်မာနိုင်ငံအတွင်း  အမျိုးသမီး များ အား အကြမ်း ဖက်မှု  ဖြစ်ပွားခဲ့မှု အ‌ခြေ အနေ များ နှင့် ကျားမ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်း အရာများ ၊ အကြမ်း ဖက်မှု တုန့်ပြန်ဆောင်ရွက်မှု အတွက် အခြေခံလမ်းညွန်းများ ၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများသည် နေရာမရွေး ၊ အချိန်မရွေး ဖြစ်ပွား နိုင်ပါကြောင်း ၊  အကြမ်းဖက်မှု အမျိုးမျိုး ၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြား သတ်မှတ်သည့် ကျား၊မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦး တစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နှစ်နာစေရန် ကျူး လွန်မှုများသည် ထိခိုက်နစ်နာမှု(သို့မဟုတ်) ဝေဒနာခံစားမှု များကို ဖြစ်ပေါ်စေသည့် အပြု အမှုများ ၊ ထိုအပြုအမူများ ပြု လုပ်မည်ဟု ခြိမ်းခြောက်ခြင်း နှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြား အပြု အမှု များ ပါဝင်ကြောင်း ၊ အကြမ်းဖက်မှု အကျိုးအဆက်များ ၊ ပြစ်မှု ကျူးလွန်သူများအား ပြစ်မှု  နှင့် ပုဒ်မ(ကျင့်ထုံး) ၊ ပြစ် ဒဏ်များ ၊ အကြမ်းဖက်မှု ဖြစ် ပွားပါက တိုင်ကြား ဆက်သွယ်ရမည် နေရာများ ၊  အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသ ပြောကြားခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့  အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ သင်တန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာ ကြည် နှင့်ဝန်ထမ်းများ၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၂) မှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)