မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းဆင့်ပွားသင်တန်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းဆင့်ပွားသင်တန်းပြုလုပ်

 

50

MNP - ဇူလိုင်  ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးရဲရင့်ထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ် ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးစန်းလွင်က သင်တန်းနှင့် ပက်သက်ပြီး ပြောကြားရာတွင် မူဆယ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် Point များ ကောက်ယူရာတွင် လိုက်နာရမည့်အချက်များအကြောင်း၊ E-mail ဖွင့်နည်းများ အကြောင်း၊ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည့် အကြောင်းအရာများ၊ မြေပုံများ အမျိုးအစား အကြောင်းနှင့် ၎င်းတို့ကို လက်တွေ့ကျင့်သုံးနိုင်ရန်တို့ကို Power Point ဖြင့် ရှင်းလင်းခဲ့ ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages