မင်းလှမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကက်/ကျေးရွာတည်နေရာပြ (Point)ကောက်ယူခြင်း ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းလှမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကက်/ကျေးရွာတည်နေရာပြ (Point)ကောက်ယူခြင်း ကွင်းဆင်း ဆောင်ရွက်

32


MNP - ဇူလိုင်   ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာတည်နေရာပြ(Point) ကောက်ယူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်းနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက  ညောင်းဝိုင်းကျေးရွာနှင့် လင်းကယ်ကျေးရွာ တို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


အဆိုပါ ရပ်ကွက်/ကျေးရွာတည်နေရာပြ(Point)ကောက်ယူရာတွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် မင်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်/ ကျေးရွာတည်နေရာ(Point)ကောက်ယူခြင်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများ၌လည်း  သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဆက်လက် ကောက်ယူလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages