အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြည်ညို - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြည်ညို

035

036

037

038

039


MNP ၊ ဇူလိုင်လ ၃ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်H.E Mr Prak Sokhonn  နှင့်အဖွဲ့သည် ယနေ့ ၃.၇.၂၀၂၂ နံနက် ၀၇၅၀ နာရီအချိန်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ခဲ့ရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင် ဦးသိန်းထွဋ်မောင်၊ ဦးမင်းလွင်၊ ဦးထိန်ဝင်းနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့က တောင်ဘက်မုခ်ဓါတ်လှေကားရှိ ဧည့်ခန်းမဆောင်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

ဧည့်သည်တော်နှင့်အဖွဲ့သည် တောင်ဘက်မုခ်ဓါတ်လှေကားမှတက်ရောက်၍ ရင်ပြင်တော်အင်္ဂါထောင့်ဗောဓိညောင်ပင်အားကြည့်ရှုခြင်း၊ တောင်ဘက်ဧည့်ခံတန်ဆောင်း၌ ဧည့်သည်တော်မှတ်တမ်းတွင် အမှတ်တရလက်မှတ်ရေးထိုးခြင်း၊ စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခြင်းများပြုလုပ်ခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိနှင့်ဂေါပကအဖွဲ့ဝင် (၂)ဉီးတို့ကဧည့်သည်တော်နှင့်အဖွဲ့အား ရွှေတိဂုံစေတီတော်အမှတ်တရဓါတ်ပုံနှင့်သမိုင်းမှတ်တမ်းစာအုပ်ကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧည့်သည်တော်နှင့်အဖွဲ့သည် ရင်ပြင်တော်တစ်ပတ်လှည့်လည်ကြည်ညိုခဲ့ကြပြီး အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း၊ စေတီတော်ကြီးသို့ အလှူတော်ငွေ USD 500 ပေးအပ်လှူဒါန်းခဲ့ပြီးနောက် နံနက် ၀၈၅၀နာရီအချိန်တွင် ရွှေတိဂုံစေတီတော်မှ ပြန်လည်ထွက်ခွါသွားခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages