နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင် ပြည်သူ (၇၇)ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင် ပြည်သူ (၇၇)ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေး

8


MNP - ဇူလိုင်  ၂၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ကစတင်၍ ကြူဆော့ (IDP)စခန်း ခန်းမ၌ (IDP)စခန်း (၃)ခုရှိ အသက် (၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူ (၇၇)ဦးအား  တတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကြူဆော့ (IDP)စခန်း၊ ကချင် (IDP) စခန်းနှင့် လီဆူ (IDP)စခန်းတို့ရှိ အသက် (၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူ (၇၇)ဦးအား  (Covishield) အမျိုးအစားကို ဗစ်-၁၉ရောဂါကာကွယ်ဆေးများအား (Booster Does) အဖြစ်လည်းကောင်း၊ တိုက်ပွဲရှောင်ပြည်သူ (၂)ဦးအား  (Covishield) အမျိုးအစားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ တိုက်ပွဲရှောင်ပြည်သူ (၈)ဦးအား  (Sinopharm) အမျိုးအစားကို ဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပထမအကြိမ်အဖြစ်လည်းကောင်း  ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံကက သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းတို့က အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် တိုက်ပွဲရှောင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသည့် တိုက်ပွဲရှောင်ပြည်သူများအား (၁၅)မိနစ်ခန့်အနားယူစေခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages