MNP ၊ ဇူလိုင်၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ (၃၀) ရပ်ကွက်၊ အောင်သီရိ (၆) လမ်းနှင့် မြသီရိ (၁) လမ်းထောင့်ရှိအမှတ် (၁၄) နေအိမ်ကို လုံခြုံရေးတပ်ဖွဲကဇူလိုက်လ ၂၄ ရက် ညနေ ၃ ၄၅ နာရီက ဝင်ရောက်စစ်ဆေးစဉ် အိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တရားခံတစ်ဦးကိုအသေ၊ ငါးဦးကို အရှင်ဖမ်းမိကြောင်းသိရသည်။
နံနက် ၃၃၀ နာရီအချိန် ဒဂုံမြိုသစ်တောင်ပိုင်းတွင် ဖမ်းမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ အဆိုပါအိမ်ကို ရှာဖွေရန်ပြုလုပ်စဉ် အိမ်အတွင်းမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်မှ Glock ပစ္စတိုတစ်လက်၊ Sigsaure ပစ္စတိုတစ်လက်၊ ကျည်အိမ်လေးခု၊ ၉ မမကျည် ၂၃၉ တောင့်၊ လက်လုပ်ဗုံးငါးလုံး၊ မီးရှို့စနက်တံပါ လက်လုပ်ဗုံးနှစ်လုံး၊ စနက်တံ ၂၁ ခုတို့ဖမ်းဆီးရမိပြီး ခုခံပစ်ခတ်သူနှစ်ဦးကို ဒဏ်ရာဖြင့်လည်းကောင်း၊ ပစ်ခတ်ထွက်ပြေးသူကို အသေပစ်ခတ်ပြီးလည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment