တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်တွင် RCC တစ်ထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်တွင် RCC တစ်ထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

94


MNP - ဇူလိုင်  ၂၇


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်‌ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမျှော်ကြသည့် ရဟန်း၊ ရှင်လူ ၊ပြည်သူအများ စိတ်ချမ်းမြေ့စွာ အနားယူနိုင်စေရန်အတွက် အောင်မြင်ဇေယျစေတီတော်မြတ်ကြီး ပရဝဏ်အတွင်းရှိ မြေနေရာတွင် ၇၀×၅၀(ပေ) RCတစ်ထပ်ဓမ္မာရုံသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲက ကျင်းပသည်။ ရှေးဦးစွာ နမောတဿသုံးကြိမ် ဘုရားကတော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစာရိတ္တထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ချီးမြှင့်သည့် ကမ္မဝါနှင့် ပရိတ်တရားတော်များကို နာယူကြပြီး ဆရာတော်ကြီးများအား တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ‌ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တမာနိတထံမှ အနုမောဒနာတရားနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။


ထို့နောက် ဆရာတော်ကြီးများ၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး‌ကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တော်များ ရိုက်ကာ အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။


အဆိုပါ RCC တစ်ထပ်ဓမ္မာရုံသစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို အများပြည်သူ လှူဒါန်းငွေကျပ်သိန်းတစ်‌ထောင်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages