MNP - ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မိုးစပါး (RS To CS) ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား မြေသြဇာ ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရေလဲနှဲကောကျေးရွာရှိ တောင်သူဦးကျော်ဝင်းစိန်၏ လယ်ယာမြေ ၇ ဧကတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ မြေသြဇာကြဲပက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးကျော်ဇံ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဇေယျာမြင့်၊ အဖွဲ့ဝင် (၂)ဦးသိန်းဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပြီး ရေလဲနှဲကောကျေးရွာရှိ တောင်သူ ဦးကျော်ဝင်းစိန်၏ လယ်ယာမြေ ၇ ဧကတွင် မြေသြဇာကြဲပက်ခြင်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
သတင်း - ပြည့်ဖြိုးကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment