မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

010

011

012


MNP ၊  ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်၍ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ မအီမြို့ပေါ် အမှတ်(၁) (၂) (၃)ရပ်ကွက်များကို မအီမြို့၊ အထက်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 


မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ထိုသို့ ကျောင်းအခြေပြု  အကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် ယခင် ကာကွယ်ဆေးထိုးစဉ်က အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနှံခဲ့ရသူများကိုလည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ( Covishield ) ကို ပြည်သူအခြေပြုအနေဖြင့် ဖြည့်စွက်ထိုးနှံခဲ့ပါကြောင်း၊ ယနေ့ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ (၄၇၉)ဦးနှင့် ပြည်သူအခြေပြုအနေဖြင့်(၉၂)ကို ထိုးနှံပြီးစီးခဲ့ပါကြောင်း မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။ 


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကိုလည်း ညွန်ကြားချက်များနှင့်အညီ အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဇူလိုင်လ(၂၅)ရက်နေ့တွင် မအီမြို့နှင့် တောင်တက်ခရီး (၁၆)မိုင် ကွာဝေးသည့် ခြေတော်ရာတောင်ပေါ်ကျေးရွာသို့ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages