ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် အတူ Data Entry ထည့်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် အတူ Data Entry ထည့်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်


54


MNP - ဇူလိုင်   ၁၈


ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/ ၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်နယ်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ် များ ရှင်းလင်းတင်ပြခြင်းနှင့်အတူ Data Entry ရေးသွင်းခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး၌ စတင်ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/ ၆)များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ စတင်ထည့်သွင်းသွားမည့် အိမ်ထောင်စု လူဦးရေစာရင်းပါ အချက်အလက်များကို အမှားအယွင်းကင်းစွာဖြင့် တိကျမှန်ကန်စွာ စိစစ်ထည့်သွင်းသွားရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီ ‌ဆောင်ရွက်နေမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်‌ရေး အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အဆင့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီအတွင်းရေးမှူး ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ပါလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်-၄ မှတ်တမ်း ပါအချက် အလက်များ စိစစ်တိုက်ဆိုင်ထည့်သွင်းပြီးစီးမှုနှင့် ပုံစံ (၆၆/၆) ပါ အချက်အလက်များ ပြည်ထောင်စု ဆာဗာသို့ ထည့်သွင်းသွားမည့် လုပ်ငန်းအစီအမံ များနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေခခန်းမ၌ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ အရာထမ်း/ အမှုထမ်းများက ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များကို စိစစ်တိုက်ဆိုင် စစ်ဆေးပြီး ကွန်ပျူတာအလုံးရေ ၁၀၀ ကျော်ဖြင့် ပြည်ထောင်စုဆာဗာအတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages