စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကွင်းဆင်းကြည့်ရှုစစ်ဆေး

89


MNP - ဇူလိုင်   ၂၂


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား Software Progran ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ဇူလိုင်၂၂ ရက် နံနက် ၁၀ နာရီခွဲအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများနှင့် စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန စလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ပြီး မြိုနယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံဆန္ဒမဲရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်း အရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း၊ တိကျမှန်ကန်သော အထောက်အထား များကို အမြန်ဆုံးသိရှိနိုင်ရန်အတွက်၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ပြီး အဆိုပါအိမ်ထောင်စုလူဦးရေ စာရင်းပုံစံရေးသွင်းရာတွင် ကန့်သတ်ကာလများအလိုက် ထည့်သွင်းရိုက်ကူရမည်ဖြစ်ပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) e-ID စနစ် Software Program ဖြင့် ထည့်သွင်း ရိုက်ကူးနည်း သင်တန်းဖွင့်လှစ်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများအား စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၆၁၃၀၅) စု လူဦးရေ (၂၅၈၀၀၀) ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့အပြီး ရေးသွင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးတင်အေးထံမှသိရသည်။


စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်းများကို အမှန်ဆုံးနှင့် အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းနှင့် အကူဝန်ထမ်း(၅၀)ဦး၊ ကွန်ပျူတာ ၂၅ လုံးတို့ဖြင့် ဇူလိုင် ၁၈ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ဇူလိုင် ၂၂ ရက်နေ့အထိ (၁၅၀၀) ခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages