အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆)များအား Software Program ဖြင့် ထည့်သွင်း ဆောင်ရွက်နေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆)များအား Software Program ဖြင့် ထည့်သွင်း ဆောင်ရွက်နေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြည့်ရှုစစ်ဆေး

 

7


MNP - ဇူလိုင်  ၂၃


ကယားပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Programဖြင့် ထည့်သွင်းနေမှုကို လွိုင်ကော်မြို့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၊ ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကယား ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ- ၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၏ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၆၀အတွင်း အိမ်ထောင်စု လူဦးရေစာရင်းစုစုပေါင်း (၆၅၀၁၁)ကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages