ဗန်းမောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြို (Talk Show) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြို (Talk Show) ကျင်းပပြုလုပ်




MNP - ဇူလိုင်   ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre) ခန်းမတွင်  ယမန်နေ့ နံနက် (၁၀) နာရီအချိန်က “မြန်မာအမျိုးသမီးများနေ့အကြို” အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်သည်။


အဆိုပါ (Talk Show) ကို ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဗန်းမောက်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ညိုညိုနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူဟန်တို့က ပူးပေါင်းဆွေးနွေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နယ်ပယ်အသီးသီးမှ အမျိုးသမီးများ ၏ စွမ်းဆောင်ရည်များ၊ အမျိုးသမီးတို့၏ လူမှုရေးရာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာဥပဒေများ၊ စနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အမျိုးသမီးတို့၏ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားဆောင်ရွက်မှုများနှင့် မြို့နယ် အတွင်းရှိ အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးဆိုင်ရာ ဆောင်ရွက်ချက်များ စသည့် အကြောင်းအရာများကို ပြည်သူများအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)