MNP ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက "တော၊ တောင်၊ ရေ၊ မြေ စိမ်းလန်းဖို့ သစ်ပင်စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က သစ်တောဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်နေမှုများ၊ ကမ္ဘာကြီး၏ အဘက်ဘက်မှယိုယွင်းပျက်စီးနေမှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ အကြောင်းအရင်းတစ်ခုဖြစ်သည့် သစ်တောသစ်ပင်ပြုန်းတီးမှုများ၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သထုံမြို့နယ်အတွင်း တောတောင်ရေမြေ စိမ်းလန်းရေး စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုများ၊ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိသည့် ပျိုးပင်များ စသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment