နောက်ဆုံး (၆)လ နစက - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နောက်ဆုံး (၆)လ နစက

052

တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဘယ်ကြောင့် ရယူခဲ့ရသနည်း -

NLD ပါတီက မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်၍ တိုင်းပြည်အာဏာကို မသမာသောနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၁၇ "နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့် နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်း ဖော်ပြရမည်။" ဟူသော ပြဋ္ဌာန်းချက်အရ အာဏာလွှဲပြောင်း ရယူခဲ့ရခြင်းဖြစ်သည်။

NLD ပါတီမှ ဦးဆောင်သူများ၊ ၎င်းတို့၏ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများအနေဖြင့် NLD ပါတီ၏ ဥပဒေမဲ့ လုပ်ရပ်ကို ဖုံးကွယ်၍ တပ်မတော်က အာဏာလုယူသယောင် လုပ်ကြံဖန်တီး ဝါဒဖြန့်၍ ၎င်းတို့ကို ထောက်ခံအားပေးသော ပြည်သူများကို လမ်းပေါ်စွဲတင်ပြီး ဆူပူဆန္ဒပြမှုများမှသည် ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းသော လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခဲ့ပြီး ဒီမိုကရေစီခရီးလမ်းအတွက် ကြန့်ကြားမှုများ ဖြစ်စေခဲ့သည်။ ပြည်ပြေးနိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများသည် ၎င်းတို့ အကျိုးစီးပွားအတွက် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး၍ ဝါဒဖြန့်လှုံ့ဆော်နေခြင်းဖြစ်သည်ကို ပြည်တွင်းနေ ဆင်ခြင်တုံတရားကင်းမဲ့သော နီပိန်းများက အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်ခဲ့ကြခြင်းကြောင့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနိုင်ရန် ကြန့်ကြာခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ (က) "ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။" ဟု ပြဋ္ဌာန်းထားသည်။

၄၁၈(က) ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ်ဟူသည် မရှိတော့ပေ။ သို့အတွက်ကြောင့် မဲလိမ်မဲခိုး၍ အနိုင်ရပြီး ဂုဏ်ယူဝံ့ကြွားနေသည့် NLD လွှတ်တော်အမတ်များ ဖွဲ့စည်းထားသည့် CRPH ဟူသည် တရားမဝင် အဖွဲ့အစည်းသာ ဖြစ်တော့သည်။ ထိုသို့သော တရားမဝင်အဖွဲ့အစည်းကို တရားဝင်အဖွဲ့အစည်းယောင်ယောင် အများပြည်သူ ထင်ယောင် ထင်မှားဖြစ်အောင် ပြည်ပြေးနိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ပေးခဲ့ခြင်းကြောင့် ဥပဒေကို လေ့လာဆန်းစစ်ခြင်းမရှိသည့် နီပိန်း၊ နီပေါ၊ နီပိတ်များ က NUG profile ချိန်းဆိုလျှင် ချိန်းကြသည်။ တရားမဝင် အဖွဲ့အစည်းက လုပ်ကြံဖန်တီးပြောဆိုသမျှ အဟုတ်ထင်သည်။ နောက်ဆုံးတွင် မဲလိမ်မဲခိုး၍ အနိုင်ရပြီး ဂုဏ်ဆာနေသည့် NLD လွှတ်တော်အမတ်များသည် တိုင်းပြုပြည်ပြု လုပ်ရမည့်အစား အာဏာလက်မဲ့၊ နေရာလက်မဲ့ မချိတင်ကဲဖြစ်၍ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုများ လုပ်ဆောင်လာခြင်းကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံခဲ့ရသည်။

၂၀၁၆ မှ ၂၀၂၀ အထိ ၅နှစ်တာ အစိုးရသက်တမ်းအတွင်း အာဏာ၏ အရသာကို သိခဲ့သော NLD ခေါင်းဆောင်များမှာ အာဏာလက်မဲ့ဖြစ်သွားချိန်တွင် သွေးရူးသွေးတန်းဖြစ်ကာ ခေတ်သစ်ကိုလိုနီ မိစ္ဆာဝါဒီများထံမှ လက်နက်၊ ငွေကြေး အထောက်အပံ့ ရယူပြီး ပြည်ဖျက်စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ပုဒ်မ ၄၁၇ အရ တစ်နှစ်တာအပ်နှင်းသော အာဏာသက်တမ်းကာလအတွင်း NLD အစွန်းရောက် အကြမ်းဖက်မိစ္ဆာဝါဒီမှာများ ကမ္ဘာပေါ်တွင် မတွေ့ခဲ့ရဖူးသော ရက်စက်ယုတ်မာမှုများကို ကမ်းကုန်အောင် ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော တာဝန်အရ (၆)လ သက်တမ်းတိုးခဲ့ရသည်။

ယနေ့ (၃၁-၇-၂၀၂၂) ရက်နေ့သည် ပထမ(၆)လသက်တမ်း ကုန်ဆုံးသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး နစကအစိုးရသက်တမ်းကို ဒုတိယ(၆)လ ထပ်မံတိုးမြှင့်လိုက်ရပြန်သည်။


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ထုတ်ပြန်ချက်ကို လေ့လာကြည့်မည်ဆိုလျှင် နစကအစိုးရသက်တမ်း ဘာကြောင့် တိုးရသလဲ အဖြေကို သိရှိနိုင်သည်။ ထုတ်ပြန်ချက်တွင် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉:၃၀ နာရီတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ NUG ၏ ညွှန်ကြားစေခိုင်းမှုအရ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြသည့် PDF အပါအဝင် အမည်အမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည့် အကြမ်းဖက်အုပ်စုများက တိုင်းဒေသကြီး၊ ပြည်နယ်အချို့တို့တွင် အဖျက်အမှောက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတို့ကို သုံးသပ်တင်ပြခဲ့ပြီး နိုင်ငံတော်အား အေးချမ်းသာယာ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ပေးရန် အချိန်လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ တင်ပြခဲ့ပါသည်။" ဟု ဖော်ပြထားသည်။


NUG ၏ ညွှန်ကြားစေခိုင်းမှုအရ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြသည့် PDF အပါအဝင် အမည်အမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည့် အကြမ်းဖက်အုပ်စုများက တိုင်းဒေသကြီး၊ ပြည်နယ်အချို့တို့တွင် အဖျက်အမှောက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတို့ကို သုံးသပ်တင်ပြခဲ့တဲ့ အခြေအနေကို တွက်ဆကြည့်ရင် အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်နေခြင်းကြောင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးဘူး။ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူး။ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် ဘယ်သူတွေ လုပ်နေသလဲ။ အထူးပြောစရာမလိုဘူး။ NLD ပါတီက ပေါက်ဖွားလာတဲ့ CRPH, NUG, PDF တွေက အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်နေလို့ နစက သက်တမ်းတိုးရခြင်းဖြစ်သည်။ တစ်စုတစ်စည်းတည်း ပြောမယ်ဆိုရင်တော့ NLD ပါတီက အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်လို့ နိုင်ငံတော်အား အေးချမ်းသာယာ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ခြင်း မရှိသေးဘူး ဆိုတဲ့သဘောကို ပြဆိုသွားပါသည်။


ဒါကို ထောက်ရှုခြင်းအားဖြင့် ဒီမိုကရေစီသူရဲကောင်းများအဖြစ် ပါးစပ်အရသာခံပြီး ပြောနေတဲ့ NLD အစွန်းရောက်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူတွေဟာ ဒီမိုကရေစီရှင်သန်ထွန်းကားရေးအတွက် လုပ်ဆောင်နေကြတာလား။ ဒီမိုကရေစီစနစ် ပြန်လည်ရှင်လို့ မရအောင် တိုင်းဖျက်ပြည်ဖျက် လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြတာလားဆိုတာ ပြည်သူများ စဉ်းစားရမည့် အချက်ဖြစ်သည်။ ၎င်းတို့၏ ဆူပူအကြမ်းဖက် လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်နေသော လုပ်ရပ်များသည် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရန် ဟုတ်သလား။ ဒီမိုကရေစီဆိတ်သုဉ်းအောင် လုပ်နေခြင်းလား။ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်မှာ အဖြေရှာကြပါ။


NLD အစွန်းရောက်တွေရဲ့ အဖျက်အမှောင့် လုပ်ငန်းများကြောင့် သက်တမ်းတိုးမြှင့်ပေးဖို့ တင်ပြချက်အပေါ် "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ အပါအဝင် အစည်းအဝေးတက်ရောက်ခဲ့ကြသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ဒုတိယအကြိမ် ခြောက်လသက်တမ်းတိုး မြှင့်ကြောင်းကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။" ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ဘာကြောင့် နစက သက်တမ်းတိုးရသလဲ NLD အစွန်းရောက်တွေ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကမ်းကုန်အောင် ကျူးလွန်ပြီး တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေခြင်းကြောင့် သက်တမ်းတိုးရခြင်းဖြစ်သည်။


နစက သက်တမ်း (၁)နှစ်တာ ကာလအတွင်း NLD အစွန်းရောက် ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူများ ယုတ်မာရိုင်းစိုင်းစွာ လှုံ့ဆော်ခဲ့ကြပြီး ပြည်တွင်းနေ ဆင်ခြင်တုံတရားကင်းမဲ့သော NLD ထောက်ခံသူများကလည်း လှုံ့ဆော်သူများ အလိုကျ အကြမ်းဖက်သမားများအဖြစ် ပါဝင်ကပြ ဖျော်ဖြေပေးခဲ့ကြသည့်အတွက် တည်ငြိမ်အေးချမ်းခြင်း မရှိ။ သို့အတွက်ကြောင့် နစက သက်တမ်း ပထမ ၆လ တိုးမြှင့်ခဲ့သည်။ တိုးမြှင့်ကာလ (၆)လအတွင်းတွင်လည်း  NLD အစွန်းရောက် ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူများ ယုတ်မာရိုင်းစိုင်းစွာ လှုံ့ဆော်ခဲ့ကြပြီး ပြည်တွင်းနေ ဆင်ခြင်တုံတရားကင်းမဲ့သော NLD ထောက်ခံသူများကလည်း လှုံ့ဆော်သူများ အလိုကျ အကြမ်းဖက်သမားများအဖြစ် ပါဝင်ကပြ ဖျော်ဖြေပေးခဲ့ကြသည့်အတွက် တည်ငြိမ်အေးချမ်းခြင်း မရှိ။ 

ယခု ဒုတိယ (၆)လ သက်တမ်းစပြီ။ NLD အစွန်းရောက် ဝရမ်းပြေး၊ ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများကတော့ သူတို့၏ စီးပွားရေးဈေးကွက်ဖြစ်သော တိုင်းဖျက်ပြည်ဖျက် ဝါဒဖြန့်လှုံ့ဆော်မှုများကို ရပ်တန့်သွားမည်မဟုတ်။ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေမှုများကို ရပ်စိုင်းလိုက်မည်ဆိုလျှင်လည်း ပြည်ဖျက်လုပ်ငန်းအတွက် ပေးကမ်းနေသည့် အထောက်အပံ့များ ရကြတော့မည်မဟုတ်ပေ။ 

ယခုပင် အပြစ်မဲ့ ပြည်သူပေါင်းများစွာကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သော ဂျင်မီ၊ ဇေယျာသော်၊ လှမျိုးအောင် (ခ) ကိုမျိုး၊ အောင်သူရဇော် (ခ) ကိုကတုံး တို့ကို သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ ရာဇဝတ်သားများကို အပြစ်ကင်းစင်သူများအဖြစ် သရုပ်ဖော်၍ လုပ်ကြံဝါဒဖြန့်မှုများ ပြန်လည်လုပ်ဆောင်လာပြီး တိုင်းဖျက်ပြည်ဖျက် လှုံ့ဆော်မှုများကို အရှိန်မြှင့်တင်လာကြသည်ကို တွေ့ကြပေလိမ့်မည်။

ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများမှာ ပြည်ပ မှ နေ၍ အယုတ္တ အနတ္တ လူမဆန်သော စကားများ ဖောင်ဖွဲ့ပြောဆိုပြီး လှုံ့ဆော်နေခြင်းကြောင့် တစ်စုံတစ်ရာ အရေးယူခံရခြင်းမရှိ။ အမေရိကန်နှင့် ဥရောပနိုင်ငံများက ထိုသို့ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်မှုများကို စိတ်အေး လက်အေး ဆောင်ရွက်နိုင်ရန် ၎င်းတို့ နိုင်ငံများတွင် ခိုလှုံခွင့်ပေးထားသည်ကို ပြည်တွင်းနေ နီပိန်း၊ နီပေါ၊ နီပိတ်တို့သည် မသိရှာကြပေ။ သိပင် သိငြားလည်း အစွန်းရောက်စိတ်ဖြင့် ဇွတ်တိုးမိုက်ကြသည်။ ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက် မီဒီယာများအနေဖြင့် ခေါင်းစဉ်ရှာသည်။ ခေါင်းစဉ်လှလှတပ်၍ လုပ်ကြံဖန်တီးလှုံ့ဆော်သည်။ အလှူခံသည်။ ပြည်တွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဈေးဗန်တင်၍ ကိုယ်ကျိုးရှာကြခြင်းဖြစ်သည်။ 

ဤလုပ်ငန်း၏ အရသာကိုလည်း သူတို့ သိသည်။ သို့အတွက်ကြောင့် ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများအနေဖြင့် ၎င်းတို့အတွက် ရပေါက်ရလမ်းသာသော လုပ်ငန်းကို စွန့်လွှတ်ကြလိမ့်မည်မဟုတ်။ သူတို့အတွက် ဘယ်သူတွေ ရင်းပေးမလဲ။ ၎င်းတို့၏ ဈေးကွက်စီးပွားရေးအတွက် အသက်နှင့် ခန္ဓာကို ရင်းပေးနေသူများကိုလည်း ပီပြင်အောင် မှိုင်းတိုက်နိုင်စွမ်းရှိခြင်းက သူတို့၏ စွမ်းရည်ဖြစ်သည်။

ပြည်တွင်းနေ မြန်မာနိုင်ငံသားများ မည်သည့်ပါတီကို အားပေးထောက်ခံသူဖြစ်စေ နိုင်ငံရေးဟူသည် နိုင်ငံသူ နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေရန် ဆောင်ရွက်ရသည်ကို မသိကြလေသလော့။ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ရန် လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်သမျှ နိုင်ရေးဟု ထင်နေသမျှ ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများနောက် လိုက်ပါနေကြအုံးမည်ဖြစ်သည်။

မြန်မာနိုင်သူနိုင်ငံသားများအားလုံးကို မေတ္တာရပ်ခံလိုသည်။ ဒီမိုရေစီကို တကယ်အလိုရှိသည်ဆိုလျှင် ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်သင့်။ မိမိတို့ ယုံကြည်လေးစားသော ပုဂ္ဂိုလ်က ပြည်သူ့မျက်နှာကို မထောက်ထားဘဲ အာဏာယစ်မူးလာသော် ဒီမိုကရေစီကို မျက်ကွယ်ပြု၍ ဒီမိုကရေစီအသံကောင်းဟစ်ပြီး အာဏာရှင်စနစ်ကို တည်ထောင်လာသည်။ ယနေ့ တိုင်းပြည်တွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်၏ အရင်းခံသည် ဒီမိုကရေစီအသံကောင်းဟစ်၍ အာဏာရှင်စနစ်ကို တည်ဆောက်လိုသူတို့၏ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်မှုများနောက် ပြည်သူများက နားယောင်ကာ ၎င်းတို့အလိုကျ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီနှင့် ဝေးသထက်ဝေးမည်ကို နားလည်ကြမည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ ကြည့်မည်ဆိုလျှင် သက်တမ်းတိုးမြှင့်ခြင်းကို ၆လ ၂ကြိမ်အထိ တိုးမြှင့်ပေးနိုင်သည် ဟု ပြဋ္ဌာန်းထားခြင်းကြောင့် ဒုတိယအကြိမ် (၆) သက်တမ်းတိုးမြှင့်ပေးခြင်းသည် နစက အတွက် နောက်ဆုံး(၆)လ ဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုလျှင် နောက်(၆)လအကြာ ၂၀၂၂ အကုန် ဒီဇင်ဘာလ သည် နစကအစိုးရ၏ သက်တမ်းကုန်ဆုံးပြီဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာပေလိမ့်မည်။ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်း မပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်ပေလိမ့်မည်။ ယာယီသမ္မတ ဦးမြင့်ဆွေ လက်ထဲ အာဏာ (၆)လခန့် ပြန်လည်အပ်နှံရန် အကြောင်းရှိသည်။

ပုဒ်မ ၄၂၉ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ချက်များနှင့်အညီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမည်။" ဟု ပြဋ္ဌာန်းထားသည် ဖြစ်ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ မတိုင်မီ ရွေးကောက်ပွဲကြီး ပေါ်ပေါက်လာပေလိမ့်မည်။

ဤတွင် ပါတီများ၏ ပြင်ဆင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ NLD အစွန်းရောက်များ၏ ဆူပူအကြမ်းဖက် လှုံ့ဆော်မှု၊ လှုပ်ရှားမှုအခြေအနေ မည်သို့ ရှိမည်ကို ကြိုတင်မသိရှိနိုင်ပါ။ ယနေ့တိုင်အောင်တော့ NLD အစွန်းရောက် ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက အားကောင်းမောင်းသန် လုပ်ကြံဖန်တီး ဝါဒဖြန့် လှုံ့ဆော်လျက်ရှိပြီး ပြည်တွင်းရှိ အကြမ်းဖက်လှုံ့ဆော်သူများကို ထောက်ခံသည့် ဆင်ခြင်တုံတရားကင်းမဲ့လွန်းသော နီပိန်း၊ နီပေါ၊ နီပိတ်များကလည်း ပြည်သူအချင်းချင်း၊ ရွာသူရွာသားအချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ယနေ့တိုင် ကျူးလွန်နေဆဲ၊ စာသင်ကျောင်းများကို ဖောက်ခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြဆဲ ဖြစ်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟူသော နစက ၏ ရပ်တည်ချက်ကြောင့် ရွေးကောက်ပွဲကြီး ပေါ်ပေါက်လာမည်ကတော့ ၉၉ရာခိုင်နှုန်း သေချာပါသည်။ NLD အစွန်းရောက်များ၏ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေသော နေရာများတွင် ရွေးကောက်ပွဲ ချန်လှပ်ထားခဲ့ရသော ဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်ပါသည်။ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းသည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စိုးစဉ်းမျှ အကြုံးဝင်ခြင်းမရှိ။ ထိုထိုသော အဖျက်အမှောင့် လုပ်ရပ်များကြောင့် မိမိတို့ ပြည်သူတစ်ဦးချင်း ရသင့်ရထိုက်သော ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးရမည်။ မိမိတို့၏ ဆန္ဒမဲများ အဟောသိကံ ဆုံးရှုံးရမည်။

ထိုသို့ မဖြစ်လိုလျှင် နစက သက်တမ်းလည်း နောက်ဆုံး (၆)လကို ရောက်ပေပြီ။ NLD အစွန်းရောက် PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံအနေဖြင့်လည်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ (၃၀၀၀)ကျော်အထိ လုပ်ကြံသတ်ဖြတ်၍ နိုင်ငံရေးကို အကြောင်းပြုပြီး လူသတ်ပြီးငွေရှာသည့် အလုပ်ကို ယုတ်မာရိုင်းစိုင်းစွာ ကိုယ်ကျိုးရှာခဲ့ကြပြီး ဖြစ်သည်။ PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံကို ဖိဖိစီးစီး နှိမ်နင်းသည့် လုပ်ငန်းစဉ်များလည်း နစကအစိုးရ ၏ နောက်ဆုံး (၆)လ သက်တမ်းတွင် ပါဝင်လာနိုင်ခြေရှိသည်။ NLD မှ ပေါက်ဖွားလာသော CRPH, NUG, PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံက အပြစ်မဲ့ ရဟန်းရှင်လူများအပေါ် ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေကြအုံးမည်ဆိုလျှင် နစက အစိုးရကလည်း မြေပြင်နှိမ်နင်းမှု ဥပဒေကြောင်းအရ အပြစ်ပေးမှုများ တိုးမြှင့် လုပ်ဆောင်လာမည်သာ ဖြစ်သည်။ 

အထူးအားဖြင့် နစကအစိုးရက သဘောထားကြီးစွာဖြင့် CDMဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် ဘက်ပေါင်းစုံက လမ်းဖွင့်ပေးထားသည်ကို သိရှိနားလည် သဘောပေါက်ကြမည် ဆိုလျှင် အသေမဦးမီ ဉာဏ်ဦးသင့်သည်။ ပြည်ပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်နေမှုများနောက် လိုက်ပါလုပ်ဆောင်နေခြင်းသည် ဒီမိုကစီ ရှင်သန်ထွန်းကားရေးအတွက်မဟုတ်။ ပြည်ဖျက်လုပ်ငန်းစဉ်သက်သက်သာ ဖြစ်သည်။ ဒီမိုကရေစီကို အမှန်တကယ် လိုလားကြသည်ဆိုလျှင် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲတိုက်နေသော အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်နိုင်ပါမှ ဒီမိုကရေစီအခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ။


နောင်တော်လေး (ဘိုကလေး) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages