ပုံမှန်ဝင်ငွေရရှိနိုင်မည့် မှိုစိုက်ပျိုးခြင်း လက်တွေ့သင်ကြားပြသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံမှန်ဝင်ငွေရရှိနိုင်မည့် မှိုစိုက်ပျိုးခြင်း လက်တွေ့သင်ကြားပြသပေး

 


MNP - ဩဂုတ်  ၁၀


မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင် အလွယ်တစ်ကူ ပြုလုပ်နိုင်ပြီး ဝင်ငွေရရှိနိုင်သည့် ကောက်ရိုးမှိုပြုလုပ်ခြင်းလုပ်ငန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာများသို့ သွားရောက်ကာ လက်တွေ့သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။


ကောက်ရိုးမှိုပြုလုပ်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရောင်းချရာတွင် အကျိုးအမြတ်ရကြောင်း၊ ကောက်ရိုး (သို့) ဂျပ်စက္ကူ (၁၀) ပိဿာစိုက်ပျိုးရန်အတွက် အလျား (၁၃ ပေ ၆ လက်မ) အနံ (၄ ပေ ၆ လက်မ) ဘောင်ပြုလုပ်ပြီး၊ ဘောင်ဘေးပါတ်လယ်တွင် အနက် (၃လက်မ) အကျယ်(၃လက်မ) ရေမြောင်း ထားရှိပေးရန်လိုအပ်ကြောင်း၊ အခြားလိုအပ်သည့် နွားချေး၊ မှိုမျိုးစေ့ထုတ်၊ အမိုးအကာပြုလုပ်ရန် ပလပ်စတစ်စ၊ ဆန်ဖွဲနု၊ ခြဆေးနှင့်ကြက်ချေးများ သတ်မှတ်ထားသည့်အတိုင်း စုဆောင်းထားရှိပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်းပြုလုပ်ရန် လက်တွေ့ပြသပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၁၅) ရက်အကြာတွင် ရောင်းတမ်းဝင် မှိုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


အထက်ပါ ကောက်ရိုးမှို (သို့) ဂျပ်မှိုပြုလုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ (၁၂၀၀၀) ခန့်သာ ကုန်ကျမည်မည်ဖြစ်ပြီး တစ်ဘောင်စိုက်ပျိုးပါက မှို(၁၀)ပိဿာခန့် ထွက်ရှိနိုင်ကြောင်း၊ ယခုအခါ မှို(၁)ပိဿာဈေးမှာ ငွေကျပ် (၅၀၀၀) ကျော်ရှိသည့်အတွက် ငွေကျပ် (၅၀၀၀၀) ခန့် အကျိုးအမြတ်ရရှိနိုင်သည်ဖြစ်၍  စိတ်ပါဝင်စားသူ မိသားစုတိုင်း လုပ်ကိုင်ကာ အပိုဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။


သတင်း - အောင်စိုးဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)