ကျော်သူရ နှင့် အပျံမ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျော်သူရ နှင့် အပျံမ



မြန်မာနိုင်ငံအတွင်းမှာ NLD ပါတီအာဏာလက်မဲ့ ဖြစ်သွားချိန်က စလို့ ယနေ့အချိန်အထိ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ အဆုံးမသတ်သေးပါဘူး။ NLD ပါတီမှ နိုင်ငံရေးအစွန်းရောက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာတွေ  ၅၀၅-က နဲ့ ဝရမ်းထုတ်ဆင့်ခြင်း ခံရချိန်မှာ အမေရိကန်သံရုံးရဲ့ အကူအညီနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြသူတွေထဲမှာ ဆူပူအကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေအောင် အဓိက လှုံ့ဆော်နေသူတွေကတော့ ဇော်ဝေးစိုး၊ ဆာဆာ၊ မင်းကိုနိုင်၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း တို့ပဲ ဖြစ်ကြပါတယ်။

ဒီအထဲမှာ ပန်ဆယ်လို ကတော့ မိန်းမတို့ရဲ့ မာယာနဲ့ အလှူငွေအများအပြားရအောင် ရှာဖွေနိုင်သူဖြစ်သလို ကြီးသူ၊ ငယ်သူ ဘယ်သူ့ကိုမှ အထာမထားဘဲ ဆဲဆိုးရမ်းကားတဲ့အတွက်ကြောင့် အပျံမ လို့ ထင်ရှားသူလည်းဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ပန်ဆယ်လို(ခ) အပျံမကို ငွေကြေးအလုံးအရင်းထောက်ပံ့ပေးနေတဲ့ ကျောက်သူဌေးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ "အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများ အား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့သော အကြမ်းဖက်လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းနှင့် ငွေကြေးထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့လျှင် တည်ဆဲဥပဒေ များအရ ထိရောက်စွာအရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင် သောပစ္စည်းများ၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း" ဖော်ပြချက်နဲ့အတူ ပန်ဆယ်လို (ခ) အပျံမ ကို ထောက်ပံ့ပေးနေတဲ့ ကျောက်သူဌေးနှင့် တပည့်ဖြစ်သူကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်ဖြစ်ပါတယ်။


သတင်းထုတ်ပြန်ချက်မှာ "၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးနေသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မွန်သူအောင် အား အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ မွန်သူအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် မြန်မာသူရကျောက်မျက် ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ကျော်သူရ သည် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေး အမြောက်အများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဩဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် ကျော်သူရ အား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိ လမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း" ဖော်ပြထားပါတယ်။


တရားခံ မွန်သူအောင်နှင့် ကျော်သူရတို့၏ ထွက်ဆိုချက်များအရ ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အောက်ပါအတိုင်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။

အကြမ်းဖက်မှုများ ပြုလုပ်နိုင်ရန် ထောက်ပံ့နေတဲ့ ကျောက်သူဌေး ကျော်သူရ အနေနဲ့ ထောက်ပံ့ပေးခဲ့တာတွေကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃၅)ကြိမ်၊ ငွေကျပ် ၁၉၄၇ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် တရုတ်ယွမ် ၁၉၀၀၀ အထိထောက်ပံ့ပေးခဲ့ပါတယ်။


အကြမ်းဖက်လှုပ်ရှားမှုများအတွက် ထောက်ပံ့ပေးမှုအနေနဲ့ ကျောက်မျက်လုပ်ငန်းရှင်များကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ် ၁၃၃ သိန်း၊ လူမှုကွန်ယက်မှ တစ်ဆင့် မဟုတ်မမှန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တရားခံပြေး အိပန်ဆယ်လို(ခ)အိမ့်ပိုးဥ အား ငွေကြေးထောက်ပံ့ ပေးမှု(၇)ကြိမ်၊ ငွေကျပ်သိန်း ၃၉၀၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ်သိန်း ၁၂၀၊ မန္တလေးမြို့အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြသူများအား ငွေကျပ်သိန်း ၅၀၊ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် တရားခံ ကျော်သူရ သည် ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား စုစုပေါင်း ငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ တရုတ်ယွမ် ငွေ ၁၉၀၀၀ တို့အား ထောက်ပံ့ကူညီခဲ့ကြောင်း စိစစ်ဖော်ထုတ်ထားပါတယ်။


တရားခံ ကျော်သူရ နှင့် မွန်သူအောင် တို့သည် အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ငွေကြေးအဓိက ထောက်ပံ့ပေးနေသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုနှင့်သက်ဆိုင်သော နေအိမ်၊ ရွေ့ပြောင်း နိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ရပါတယ်။

-၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက် ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီး။

-ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်။

- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်း နှင့် အဆောက်အဦ ၁ လုံး။

- ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက်အဦ ၂ လုံး။

- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး။

- ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်း အတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီး။

- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧကကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀၊ မြေသယ်ယာဉ် မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီး။

မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် တရားခံ ကျော်သူရ ပိုင်ဆိုင်သည့် နေအိမ်၊ ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၈၄၄၉ ခန့်အား နိုင်ငံဘဏ္ဍာ အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးခံရပြီးနောက် ကျော်သူရနှင့် တပည့်ဖြစ်သူ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အားငွေကြေးထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ကျော်သူရ အပြင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် အခြားစီးပွားရေးလုပ်ငန်းရှင်များသည်လည်း အလားတူ ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။


ကျော်သူရ ရဲ့ ထွက်ဆိုချက်ထဲမှာ တရားခံပြေး အိပန်ဆယ်လို(ခ)အပျံမ အား ငွေကြေးထောက်ပံ့ ပေးမှု(၇)ကြိမ်၊ ငွေကျပ်သိန်း ၃၉၀၀ ပေးပို့လှူဒါန်းခဲ့တာကို တွေ့ရပါလိမ့်မယ်။ ပြည်ပြေး အပျံမ ဟာ ပြည်ပကနေ အဖေအရွယ်၊ အမေအရွယ် ဆဲဆိုစော်ကားရုံမျှမက ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် ဘယ်သူတွေက ပံ့ပိုးပေးနေသလဲ။ ပြည်ပ အလှူရှင်များထံက ရရှိတဲ့ ငွေကြေးထက် ပြည်တွင်းက အခုလို ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အခြားသော လုပ်ငန်းရှင်တွေဆီက သိန်းထောင်ပေါင်းများစွာ ထောက်ပံ့ပေးမှုကို ရရှိနေတဲ့အတွက် အမနာပ အောက်လုံးတွေနဲ့ တိုင်းပြည်ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။


တကယ်တော့ ပြည်ပြေး ဝရမ်းပြေးမလေး ပန်ဆယ်လို (ခ) အပျံမ ဆိုတာ လယ်တစ်ကွက်နဲ့ လေပဲ စိုက်ရတာပါ။ အခုလို လုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှုကို ရဖို့ ဘယ်လောက်တောင် ပေးဆပ်ခဲ့သလဲဆိုတာ မသိနိုင်ပါဘူး။ ဘဝနဲ့ ရင်းပြီး ရတဲ့အထောက်အပံ့တွေနဲ့ အများပြည်သူ ကောင်းကျိုးဖြစ်အောင် သုံးစွဲနေသလားဆိုတော့ မဟုတ်ပါဘူး။ တိုင်းဖျက်ပြည်ဖျက် လုပ်နေသူတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် ထောက်ပံ့ပေးနေသလဲ။ မတော်လောဘနဲ့ မှောင်ခိုစီးပွားရေးဈေးကွက် ဖော်ဆောင်ချင်တဲ့ ဝိသမလောဘသားတွေပဲ အခုလို တိုင်းဖျက်ပြည်ဖျက်တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ တရားဝင် အခွန်မဆောင်ချင်ဘူး။ မတော်လောဘနဲ့ စီးပွားရှာချင်တဲ့အခါမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေတဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို ထောက်ပံ့ပေးကမ်းပြီး လုပ်ဆောင်ခဲ့ကြတဲ့ ဝိသမလောဘသားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း သင်ခန်းစာများစွာ ရှိခဲ့ပါတယ်။


ပန်ဆယ်လို (ခ) အပျံမ ဟာ ငွေကြေးထောက်ပံ့ပေးနေတဲ့ သူဌေး ကျော်သူရ ဖမ်းဆီးခံရပြီး ထွက်ဆိုချက်ပေးတဲ့အချိန် သူမရဲ့ နာမည်ပါလာတဲ့အခါမှာတော့ သူမရေးသားနေကျ ပုံစံအတိုင်း အချီး အပတ်တွေနဲ့ ခိုင်းနှိုင်းပြီး ရေးသားတုန့်ပြန်မှုတွေ ပြုလုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ သဘောကတော့ လှူတဲ့သူက သိန်းထောင်ပေါင်းများစွာ လှူဒါန်းခြင်း မှန်ပေမယ့် သူမမှာ စာရင်းပြစရာမရှိတဲ့အတွက် အောက်လုံးတွေ အချီး အပတ်တွေနဲ့ နီပိန်းတွေအကြိုက် ရေးသားတုန့်ပြန်မှုတွေ လုပ်ဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ မည်မျှပင် လှူဒါန်းထောက်ပံ့စေကာမူ ဖော်ကောင်လုပ်တဲ့အချိန်မှာတော့ အလှူရှင်ရယ်လို့လည်း ထောက်ထားခြင်း မရှိတော့ပါဘူး။


ကျော်သူရ ဆိုတဲ့ သူဌေးဆီက သိန်းပေါင်း (၃၉၀၀) အထိ အထောက်အပံ့ရခဲ့သလို သတင်းထုတ်ပြန်ချက်မှာ အခြားစီးပွားရေးလုပ်ငန်းရှင်များသည်လည်း အလားတူ ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း စိစစ်တွေ့ရှိချက်အရ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို ကူညီပံ့ပိုးပေးနေတဲ့ လုပ်ငန်းရှင်တွေ ထိန်းသိမ်းဖို့ ကျန်နေသေးတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အခြားသော လုပ်ငန်းရှင်တွေဆီကရော ပန်ဆယ်လို (ခ) အပျံမ အနေနဲ့ သိန်းပေါင်း ဘယ်လောက်တောင် ရရှိထားပြီလဲ။


ပန်ဆယ်လို (ခ) အပျံမ ဟာ အဖေအရွယ်၊ အမေအရွယ်တွေအပေါ်မှာလည်း အထာမထားသလို ရွယ်တူတန်းတူ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး အသက်နဲ့ရင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြသူတွေအပေါ်မှာလည်း မကြာခဏ ဆဲဆိုစော်ကား မှုတွေ လုပ်နေတာကို တွေ့မြင်ကြရပါလိမ့်မယ်။ ကျောက်မျက်လုပ်ငန်းရှင် ကျော်သူရကို ထိန်းသိမ်းနိုင်ခဲ့သလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေကို ထောက်ပံ့နေတဲ့ လုပ်ငန်းရှင်တွေကို ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ပြည်ပြေးတွေလည်း ရမ်းကားနိုင်မှာ မဟုတ်တော့ပါဘူး။ ပန်ဆယ်လိုရဲ့ ဆဲဆိုစော်ကား ရိုင်းစိုင်းနေမှုတွေ အဆုံးသတ်သွားမှာဖြစ်သလို လေလှိုင်းပေါ်က လူသတ်သမားများရဲ့ ပါးစပ်တွေ စွန့်အသွားပါလိမ့်မယ်။


နစက တာဝန်ရှိသူများအနေနဲ့ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမား တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များကို အကြမ်းဖက်လှုံ့ဆော်မှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးနေတဲ့ အခြားသော လုပ်ငန်းရှင်တွေကိုပါ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကင်းဝေးသွားပါလိမ့်မယ်။ ဝိသမလောဘသားတွေ လွတ်မြောက်နေအုံးမယ်ဆိုရင် တိုင်းဖျက်ပြည်ဖျက် သာသနာဖျက်တွေအတွက် အထောက်အပံ့တွေ ရရှိနေအုံးမှာဖြစ်ပြီး ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေလည်း အေးချမ်းမှု ရနိုင်မှာ မဟုတ်ပါဘူး။


ဒေါင်းနင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)