ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးနေရာအသုံးပြုထားသည့် မြေနေရာအတွက် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးနေရာအသုံးပြုထားသည့် မြေနေရာအတွက် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်



MNP - ဩဂုတ်   ၂၆


မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး  အသုံးပြုထားသည့် မြေနေရာသည် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာ၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၅/၂၆/၂၇) ရှိ မြေဧကအတွင်းမှ ဒေါ်ရွှေ ပိုင်ဆိုင်သောမြေ (ဝ.၉၀) ဧက၊ ကွင်းအမှတ် (၁၅၃၃) တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၁၄-ဃ/၁) အတွက် မြေယာလျော်ကြေးငွေ (၁၁,၂၅၀,၀၀၀/-) ကျပ် တစ်ရာတစ်ဆယ်နှစ်သိန်းငါးသောင်းကျပ်တိတိအား မြေယာလျော်ကြေးပေးအပ်ခြင်း၊ ဦးသောင်းလှိုင် ပိုင်ဆိုင်သောမြေ (ဝ.၁၀) ဧက၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (N/၁) အတွက် မြေယာလျော်ကြေး (၁,၂၅၀,၀၀၀/-) ကျပ်တစ်ဆယ်နှစ်သိန်းငါးသောင်းတိတိအား ပေးလျော်ခြင်း၊ ဦးသိန်းရှောင် ပိုင်ဆိုင်သော မြေ (၂.၂၀) ဧက၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း ဦးပိုင်အမှတ် ( (၁၄-ခ/၁) အတွက်မြေယာလျော်ကြေး (၂၇,၅၀၀,၀၀၀/-) ကျပ်နှစ်ရာခုနှစ်ဆယ်ငါးသိန်းတိတိအား မြေယာ လျော်ကြေးပေးချေခြင်းနှင့် ဦးလှသော် ပိုင်ဆိုင်သောမြေ (ဝ.၀၅) ဧက၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၁၄-ဃ/၂) အတွက် မြေယာလျော်ကြေး (၆၂၅,၀၀၀/-) ကျပ်ခြောက်သိန်းနှစ်သောင်းငါးထောင်တိတိအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သတ်မှတ်ပေးထားသည့် မြေယာလျော်ကြေးများကို အသိသက်သေများ ရှေ့မှောက်တွင် မြေယာလျော်ကြေး ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)