ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၂၈


ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု၊ ကမော့ကစင်ကျေးရွာ၊ ဥသျှစ်ကုန်းဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံကြစေလိုကြောင်း၊ ရပ်ရွာအတွင်း ဒေသဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိုက်အောင်က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျေးရွာအတွက် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြရာ ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက်  ကျောင်းဆောင်အသစ်လိုအပ်နေမှုများ၊ လမ်း၊ တံတားလိုအပ်ချက်များ၊ ဥသျှစ်ကုန်း ဘုန်းတော်ကြီးကျောင်းမြေနေရာအား မြေပုံစံ(၁၀၅) ရေးဆွဲပေးရန် လိုအပ်နေမှုများကို ဆွေးနွေးတင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား သာသနာဝင်စိစစ်ရေးကတ်ပြားနှင့် သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများထုတ်ပေးခြင်း၊ မွေး/တိုး စာရင်းများ ဆောင်ရွက်ပေးခြင်း၊ မြေစာရင်းပုံစံ(၁၀၅)ရေးကူးနိုင်ရေး ပုံစံ(၁၀၃)ဖြင့် လျှောက်ထားမှုများကို လက်ခံရယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)