ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော



MNP - ဩဂုတ်  ၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်တတ်စေရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကျောက်ပန်တောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားဟောင်းများဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမွန်ကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ပလပ်စတစ်စနစ်တကျ စွန့်ပစ်ရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်သုံးစွဲခြင်း၊ အသုံးပြုခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်းအသိပညာပေးဟောပြောပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာထွန်းက ကမ္ဘာကြီး ပူနွေးလာမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် မိုးခေါင်ခြင်း တောမီးလောင်ခြင်းနှင့်ရေကြီးခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာမှုနှင့် ကမ္ဘာကြီးပူနွေးမှု သက်သာစေရေးအတွက် အိုဇုံးလွှာထိန်းသိမ်းရေးနည်းလမ်းများနှင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းဆိုင်ရာများကို အသိပညာပေး ဟောပြောကြပြီး၊ ကျောင်းသားကျောင်းသူလေးများ၏ လေ့လာမှတ်သားမှု စမ်းစစ်ခြင်းအစီအစဉ်အဖြစ် ပြန်လှန်မေးခွန်းမေးခြင်း/ဖြေကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သဘာဝပတ်ဝန်းကျင်ထိန် းသိမ်းရေးအသိပညာပေးဗီဒီယိုကပြသပြီး ဟောပြောဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၂)အ.ထ.ကမှ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းကျောင်းသား/ကျောင်း သူ စုစုပေါင်း(၄၂၅)ဦးနှင့်ကြီးကြပ်သူဆရာ/ဆရာမများ  တက်ရောက်ခဲ့ကြပြီး၊ ဟောပြောပွဲကို နံနက် ၁၁ နာရီအချိန်ခန့်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)