ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



MNP - ဩဂုတ်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီချိန်က ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ရုံးလုံခြုံရေးနှင့် ဝန်ထမ်းများလုံခြုံရေးအား အထူးဂရုပြုဆောင် ရွက်သွားရန်၊ မိမိတို့ဝန်ထမ်းများ လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် သွားလာဆောင်ရွက်ကြရန်၊ မြို့လုံခြုံရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားကြရန်၊ ဆိုကရေးတီးပြိုင်ပွဲတွင် အားလုံးပါဝင်ယှဉ်ပြိုင်ရန်၊ ကျောင်းပြင်ပနေကလေးများ ကျောင်းပြန်တက်နိုင်ရေး ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါကအချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပါသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးများက လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)