ရေဖြူမြို့နယ်တွင် ရှေ့ဦးပြုစုခြင်း သင်တန်း(၃)ရက်တာ ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်တွင် ရှေ့ဦးပြုစုခြင်း သင်တန်း(၃)ရက်တာ ဖွင့်လှစ်ပို့ချ

 




MNP - ဩဂုတ်   ၉


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်းသင်တန်း (Trauma First Aid)ကို ယ‌နေ့နံနက် ၉နာရီက ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်၊ သီတဂူဓမ္မဝိဟာရ‌ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ လူမှုဂရုဏာလုပ်ငန်း သင်တန်းဖြစ်သည့်အတွက် သင်တန်းကိုစိတ်ပါဝင်စားစွာ သင်တန်းပြီးဆုံးသည်အထိ တက် ရောက်စေလိုကြောင်း၊  လက်တွေ့သရုပ်ပြမှုများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။


သင်တန်းကို သင်တန်းနည်းပြ(၅)ဦးဖြင့် ပို့ချသွားမည်ဖြစ်ပြီး သဲချောင်းကျေးရွာ၊ ဓမင်းဆိပ်ကျေးရွာ၊ တောင်ရင်းအင်းကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဂန့်ဂေါ်တောင်ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၀)ဦးအားစာတွေ့လက်တွေ့သရုပ်ပြမှုပါ (၃)ရက် ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)