ကျောက်ပန်းတောင်မြို့၌ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့နံနက်ခင်းတွင် ရပ်ကွက်အလိုက် ဓမ္မာရုံဆွမ်းလောင်းကုသိုလ်ပြုသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်မြို့၌ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့နံနက်ခင်းတွင် ရပ်ကွက်အလိုက် ဓမ္မာရုံဆွမ်းလောင်းကုသိုလ်ပြုသူများဖြင့်စည်ကား

 


MNP - ဩဂုတ်  ၁၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) ဖြစ်သည့် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက်ဓမ္မာရုံများတွင် ဆွမ်းလောင်း ကုသိုလ်ယူကြသူများ၊ ဆွမ်းခံသံဃာနှင့် ရှင်သာမဏေများ စည်ကားလျက်ရှိပြီး၊ ရပ်ကွက်ဓမ္မာရုံများမှ ဖွင့် သည့် ဓမ္မတေးသံသာများဖြင့် မြို့လုံးညံလျက်ရှိကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့ပေါ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိရာ၊ ရပ်ကွက်တိုင်းတွင် ဆွမ်းလောင်းဓမ္မာရုံများရှိပြီး ဝါတွင်းကာလ အဖိတ်နေ့ညနေပိုင်းမှစတင်၍  လူငယ်များက ရပ်ကွက်အလိုက်လှည့်လည်၍ ဆွမ်းတော်ကြီးခံထွက်ခြင်း၊ ဝတ်အသင်းအဖွဲ့များက အလှည့်ကျ ဝတ်ရွတ်စဉ်များရွတ်ဖတ်ပူဇော်ခြင်းတို့ကို ညဦးပိုင်းအထိ ဆောင်ရွက်ကြလေ့ရှိပြီးနံနက်ပိုင်းတွင်နံနက်(၄)နာရီမှစတင်၍ ဆွမ်းချက်ရန် အတွက် ဓမ္မာရုံအသံချဲ့စက်များဖြင့်နှိုးဆော်ခြင်း၊ ဓမ္မတေးများဖွင့်ခြင်းတို့ဆောင် ရွက်လေ့ရှိကြသည်။ယင်းနောက် နံနက်(၆)နာရီမှ နံနက် (၇:၃၀)နာရီအတွင်းရပ်ကွက်အလိုက်အလှည့်ကျဆွမ်းလောင်းလှူခြင်းများဆောင်ရွက်လေ့ရှိကြကြောင်းသိရသည်။ ယခုသီတင်းပတ်သည် ဝါတွင်းကာလ ပဉ္စမမြောက် ဆွမ်းလောင်းသီတင်းပတ် ဖြစ်ပြီးမြို့ပေါ် ရပ်ကွက်များတွင်သာမကပဲ ကျေးရွာများရှိ ဝတ်ကျောင်းဓမ္မာရုံများတွင်လည်း ၎င်းတို့ ကျေးရွာဓလေ့အလိုက် ဆွမ်းလောင်းလှူခြင်းများဆောင်ရွက်လေ့ရှိကြရာ၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဘုန်းတော်ကြီးများ ရှင်သာမဏေများက လှည့်လည် ဆွမ်းခံထွက်ကြကြောင်း သိရသည်။ အလားတူ ယနေ့တွင် ပုပ္ပားကျေးရွာတွင်လည်း ကျေးရွာစေတနာရှင် လူမှုကူညီရေးအသင်း၏ ဦးဆောင်မှုဖြင့် လပြည့်နေ့တိုင်း အာရုံဆွမ်းလောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာဈေးတန်းရပ်တွင် စုပေါင်းဆောင်ရွက်ကြရာ ကျေးရွာနှင့်အနီးဝန်းကျင် ဘုန်းတော်ကြီးကျောင်းများနှင့်တရားရိပ်သာများမှ သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေများ ကြွရောက် အလှူခံခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)