လူကုန်ကူးမှုများနှင့်သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကုန်ကူးမှုများနှင့်သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ



MNP ၊ ဩဂုတ် ၂၆

“လူကုန်ကူးမှုများနှင့်သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား” ကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူကုန်ကူးမှုသည် လူ့အသိုက်အဝန်းအတွင်း လက်မခံနိုင်သည့် ကြီးလေးသောလူ့အခွင့်အရေးချိုးဖောက်မှုဖြစ် ကြောင်း၊ လူကုန်ကူးခံရသူများကို တိုက်ရိုက်အကူအညီပေးနေသည့် လူမှုဝန်ထမ်းသမားများအနေဖြင့် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် ကွန်ဗင်းရှင်းများနှင့် စာချုပ်များတွင် ဖော်ပြပါရှိသည့် လူကုန်ကူးခံရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် အခြေခံမူများ၊ စာချုပ်ပါပြဋ္ဌာန်းချက်များကို သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ သိရှိနားလည်မှသာ အခွင့်အရေး အခြေပြု၊ လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများဖြင့် လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများကို သေချာစွာလေ့လာမှတ်သားပြီး မိမိတို့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။

သင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ(၅၅)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် ၂၅ ရက် မှ ၂၇ ရက်အထိ (၃)ရက်တာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)