ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်) ပြိုင်ပွဲ တတိယနေ့ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်) ပြိုင်ပွဲ တတိယနေ့ဆက်လက်ကျင်းပ



MNP - ဩဂုတ်  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ တတိယနေ့အဖြစ် ယှဉ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၈နာရီမှစတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း စင်တာ (MCC) ခန်းမရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။


နံနက်ပိုင်းတွင် ဦးစွာ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်အဖွဲ့သည် အတီးပြိုင်ပွဲ သတ်မှတ် နေရာများတွင် နေရာယူကြပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုကာအကဲဖြတ် အမှတ်များပေးကြသည်၊၊


ထို့နောက် ပြိုင်ပွဲဝင် မျိုးဆက်သစ်လူငယ်များသည် အတီးဘာသာရပ်တွင် ပါဝင်သော ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ၊ အိုးစည်အဖွဲ့လိုက်ပြိုင်ပွဲနှင့် ဒိုးပတ်အဖွဲ့လိုက်ပြိုင်ပွဲများကို ဝါသနာရှင် ပထမတန်းအဆင့်နှင့် ဝါသနာရှင် ဒုတိယတန်းအဆင့်တို့ဖြင့် ယှဉ်ပြိုင်ကြသည်။


ယင်းနောက် မွန်းလွဲပိုင်းတွင် ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲကို ကျင်းပရာ ဝါသနာရှင် ပထမတန်းအဆင့် အမျိုးသားဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ဦးဗိုလ်ဟိန်းနှင့်အဖွဲ့၊ ဝါသနာရှင် ပထမတန်းအဆင့် အမျိုးသမီးဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ပေါက်ကျော်မနှင့် အဖွဲ့တို့ ယှဉ်ပြိုင်နေမှုတို့ကိုလည်းကောင်း၊ ဝါသနာရှင် ဒုတိယအဆင့် အမျိုးသားဆိုင်း အဖွဲ့လိုက် ပြိုင်ပွဲတွင် ဇာမဏီသန်းဇော်နှင့်အဖွဲ့၊ ဦးချစ်စုနှင့်အဖွဲ့၊ ဦးအောင်ကြည်ခိုင်နှင့် အဖွဲ့၊ အမျိုးသမီးဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ဒေါ်မြတ်နိုးခင်နှင့်အဖွဲ့တို့ ယှဉ်ပြိုင်တီးခတ်နေမှုတို့ကို ရန်ကုန်တိုင်းဒသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတ၊သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဆပ်ကော်မတီသီးသီးတို့မှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသာစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများက ကြည့်ရှုအားပေးကြသည်။


ထို့နောက်  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ပြိုင်ပွဲ ဝင်များနှင့် ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်အဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)