ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ



MNP - သြဂုတ်  ၉


တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထားဝယ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၈/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထား ဝယ်မြို့၊ ကူးတို့ကျေးရွာ၊ ဝိသုဒ္ဓရ ဘုန်းကြီးကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းကသင်တန်းတွင်ပို့ချချက်များသည် အခြေခံအဆင့်သာဖြစ်ပြီးမိမိတို့ စိတ်ကူးဉာဏ်ရှိသရွေ့ တီထွင်ကြံဆကာ ထုတ်လုပ်သွားကြရန်နှင့်ထပ်ဆင့်မျှဝေပေးရန်လိုအပ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သုံးစွဲသူများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေး အဓိကထားဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းပြောကြားသည်၊


ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား /သူ(၂၀)ဦးအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်ချောများအားပေးအပ်ပြီး လုပ်ငန်းထူထောင်လိုသူများအားကုန်ကြမ်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)