သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 


MNP - သြဂုတ်   ၁၀


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းပေါင်းစုံအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၇)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲမစတင်မီ သရက်ချောင်းမြို့နယ် အားကစားနှင့် ာယပညာဦးစီးဌာနမှ အားကစားမှူးဦးဇေယျာဌေးက ပြိုင်ပွဲဝင်မည့်ကစားသမားများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နံနက် ၉ နာရီအချိန်က (အ.ထ.က) သရက်ချောင်း(က)အသင်းနှင့် (အ.ထ.က)ခွဲ ပိန်းတော(က)အသင်းတို့ ယှဉ်ပြိုင်ကစားရာ (အ.ထ.က)သရက်ချောင်း(က)အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီအချိန်က (အ.ထ.က)ခွဲတီထွင်ပြင်အသင်းနှင့် (အ.ထ.က)သရက်ချောင်း(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားရာ (အ.ထ.က)သရက်ချောင်း(ခ)အသင်းက ၈ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရပြီး အဆိုပါပြိုင်ပွဲကို သြဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ အားကစားမှူးထံမှ သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)