မင်းဘူး(စကု)မြို့နယ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန် ကြီးထွားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန် ကြီးထွားလာ



MNP - ဩဂုတ်   ၁၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီ ဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။


အဆိုပါ နှံစားပြောင်း စိုက်ခင်းများကို ဇွန်လ ၂၀ ရက်တွင် စတင်စိုက်ပျိုးပြီး၊ အစိုဓာတ်အနည်းငယ်ရှိ၍ အပင်များ ပေါက်လာသော်လည်း မိုးရွာသွန်းမှုနည်းပြီး ပူပြင်းသော ရာသီဥတုကြောင့် ဝါကျင့်ကျင့်ဖြင့် အပင်အားမကောင်းဘဲ အခုရက်ပိုင်း မိုးဖြိုင်ဖြိုင် ရွာသွန်းလာပါမှ အရွက်များ စိမ်းစိုလန်းဆန်းကာ ဖွံ့ဖြိုး၍ အပင်အား ကောင်းလာတော့သည်။ ယခင်ကာလများက နှံစားပြောင်း (၁) တင်းလျှင် ၁၀၀၀၀ ကျပ် ဈေးရသော်လည်း၊ အခုနောက်ပိုင်းတွင် ဈေးနှုန်းများ ကျဆင်းသွားသဖြင့်၊ နှံစားပြောင်းစိုက် တောင်သူ နည်းပါးသွားပြီး နွားစာအဖြစ်သာ စိုက်ပျိုးမှု များလာကြသည်။


"ဒီနှစ်မှာတော့ တောင်သူတွေအနေနဲ့ သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း၊ ကျွန်တော်တို့အတွက် တွက်ခြေ ကိုက်မယ်ထင်တဲ့ သီးနှံတွေကတော့ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အထွက်နှုန်း ကောင်းဖို့နဲ့ ဈေးကောင်းကောင်းရဖို့ မျှော်လင့်နေပါတယ်။ ကိုဗစ်-၁၉ ကာလများ အထိုက်အလျောက် လျော့ကျသွားပြီး၊ မိုးလည်း မှန်မယ်ဆိုရင်တော့ တောင်သူတွေအနေနဲ့ အဆင်ပြေကြမှာပါ။ ယခု လတ်တလော ရွာသွန်းတဲ့ မိုးများကြောင့် စိုက်ပျိုးထားသော မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက် ရှိပါတယ် '' ဟု မန်းကျိုးအုပ်စု မိုးသီးနှံစိုက်တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။


သတင်း - ဇေယျာထက် 


မြန်မနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)