အ-ထ-က(အင်္ဂပူ) ကျောင်းကောင်စီဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ-ထ-က(အင်္ဂပူ) ကျောင်းကောင်စီဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်




MNP - ဩဂုတ်   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က (အင်္ဂပူ) ကျောင်းကောင်စီဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က အင်္ဂပူကျောင်း အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက နိုင်ငံတော်အလံအား အလေးပြုပြီး အားကစား သစ္စာအဓိဌာန် (၄)ချက်ကို ရွက်ဆိုခဲ့သည်။ ထို့နောက် အ-ထ-က(အင်္ဂပူ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်စိုးနှင့် ကျောင်းကောင်စီအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။


ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရာ၊ ဗန္ဓုလ၊ အနော်ရထာ စသည့်အသင်း(၅)သင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းစသည့် ပြိုင်ပွဲများ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုရခြင်းဖြစ်ကြောင်း အ-ထ-က (အင်္ဂပူ) ကျောင်းကောင်စီထံမှ သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)